Monday, February 26, 2007

အလွမ်း သစ္စာ

သူငယ်ချင်း တစ်ယောက် ပို့ ပေးထားတဲ့ ကဗျာလေးတစ်ပုဒ်ပါ။ သူငယ်ချင်းရေ သိုင်းကျူးနော်။

အလွမ်း သစ္စာ

ကောင်လေးရေ……
ဆုံတွေ့ မှုအစခရီးဟာ
ပျားရည်ဆမ်းလပမာ ချိုကြည်အေးမြခဲ့ပါတယ်။
သင်ကြားဖို့ မလိုပဲအလိုလိုတတ်မြောက်ခဲ့
နှလုံးသားဘာသာရပ် နှင့်
နင့်မျက်ဝန်းတွေကိုဖတ်ရှု လိုက်တော့
သံယောဇဉ်တွေရစ်ဝိုင်းနေတာကို မြင်ခဲ့ရတယ်။
အလှဆုံးဖြစ်မယ်ထင်တဲ့ (ကဗျာ)ထဲမှာ
အလွမ်းတွေကိုမပါစေလိုဘူး
ဒါပေမဲ့
……..
ငါတို့ဝေးကွာခဲ့ရတယ်နော်
ခက်တာကဘ၀ဆိုတာ
ပန်းပုရုပ်ထုတစ်ခုထုဆစ်သလို
ကိုမလိုချင်တာတွေကို
စိတ်တိုင်းကျပယ်ရှားလွှတ်ပစ်လို့မရတာမို့
ကံအလိုကျစီမံသမျှမှာ
ဆိုးဆိုးကောင်းကောင်းလက်ခံခဲ့ရတယ်။
အကောင်းဆုံးကတော့
နင်နှင့်တွေ့ဆုံခွင့်ရခဲ့တဲ့ကံတရားဖြစ်ပြီး
အဆိုးဆုံးကတော့
နင်နှင့်ဝေးကွာစေတဲ့ကံကြမ္မာပဲ
ဒါပေမဲ့လည်းဟာ
သံယောဇဉ်ဆိုတာနီးခြင်းဝေးခြင်းတွေနဲ့
မသက်ဆိုင်လှပါဘူး
ငါ့နှလုံးသားမှာနင်အမြဲရှိလို့လေ
အကျိုးအကြောင်းနှင့်အဆိုးအကောင်းတွေကြားမှာ
ပြောင်းလဲမှုများစွာဖြစ်တည်နေတဲ့
လောကကြီးငါ့ ကိုတစ်ခုတော့တည်မြဲစေတယ်
အဲဒါနင့်ကိုလွှမ်းနေတဲ့
ငါရဲ့သစ္စာတွေပါပဲ
ကောင်းလေးရယ်။

0 comments: